Related Posts

စောမူးဒါရှီး (Saw Moo Dah Shee), Umpiem Mai

အသက် ၂၈ နှစ်အရွယ် စောမူးဒါရှီး (Saw Moo Dah Shee) သည် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အုန်းပြန်ဒုက္ခသည်စခန်းရှိ လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့မှ အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ပါသည်။.လက်ရှိတွင် ၎င်းသည် Community Managed Targeting (CMT) မန်နေဂျာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး မတူညီသော တိုင်းရင်းသားလူမျိုးများမှ ဝန်ထမ်း ၂၃ ဦးကို ကြီးကြပ်ကွပ်ကဲရပါသည်။

CMT လုပ်ငန်းသည် စိန်ခေါ်မှုများစွာရှိသော်လည်း ယခုတာဝန်သည် ၎င်း၏ ခေါင်းဆောင်မှုစွမ်းရည်များကို ပိုမိုအားကောင်းလာစေသည်ဟု ခံစားရကြောင်း ပြောကြားပါသည်။
အဓိကစိန်ခေါ်မှုများတွင် ရိက္ခာပံ့ပိုးမှု အပြောင်းအလဲများနှင့် ဒုက္ခသည်များအတွက် သွားလာခွင့် ကန့်သတ်ချက်များ ပါဝင်ပါသည်။

လက်ရှိအချိန်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများနှင့် မိမိကိုယ်ကို ရပ်တည်နိုင်ရေးဆိုင်ရာ လုပ်ငန်းများ (self-reliance initiatives) သည် စခန်းအတွင်း နေထိုင်သူများအတွက် အကောင်းဆုံးအခွင့်အလမ်းများဖြစ်သည်ဟု မူးဒါရှီးက ယုံကြည်ပါသည်။
တတိယနိုင်ငံတစ်နိုင်ငံသို့ ပြန်လည်အခြေချနေထိုင်ခွင့် မရရှိခဲ့ပါကလည်း ယခင်က ရရှိခဲ့သည့် အတွေ့အကြုံများနှင့် CMT တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများကြောင့် မိမိအနေဖြင့် လူထုခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်နိုင်မည် ဟု မူးဒါရှီးက ယုံကြည်ထားပါသည်။

Scroll to Top