ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် (World Breastfeeding Week – WBW) ကို မွေးကင်းစကလေးများအား မိခင်နို့တိုက်ကျွေးခြင်းကြောင့် ရရှိနိုင်သည့် အရေးကြီးသော ကျန်းမာရေးအကျိုးကျေးဇူးများကို အသိပညာပေးမြှင့်တင်ရန် နှစ်စဉ် ဩဂုတ်လတွင် နိုင်ငံပေါင်း ၁၂၀ ကျော်၌ ကျင်းပလျက်ရှိပါသည်။
ဩဂုတ်လအတွင်း TBC ၏ အာဟာရဆိုင်ရာ လှုပ်ရှားမှုများအဖြစ် အာဟာရပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ BabyBright ဖြည့်စွက်အာဟာရအစားအစာများ ဖြန့်ဝေပေးခြင်း၊ အာဟာရချို့တဲ့သည့် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များရှိသည့် နေအိမ်များသို့ သွားရောက်တွေ့ဆုံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ကလေးများအနေဖြင့် ကျောင်းတွင် အာဟာရပြည့်ဝသည့် အစားအစာများ ရရှိစားသုံးနိုင်စေရေးအတွက် မူကြိုကျောင်းများသို့လည်း သွားရောက်လေ့လာခဲ့ပါသည်။
TBC ၏ အာဟာရအစီအစဉ်သည် စခန်းများအတွက် ပေးအပ်နေသည့် စားနပ်ရိက္ခာအကူအညီများကို ဖြည့်စွက်ပံ့ပိုးပေးရန် ရည်ရွယ်ပြီး ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် နေ့စဉ်ဘဝကို ထိခိုက်စေသည့် ပြင်းထန်သော ကျန်းမာရေးအခြေအနေများရှိသူများကဲ့သို့ ထိခိုက်လွယ်သည့် အုပ်စုများကို အဓိကထား ပံ့ပိုးပေးလျက်ရှိပါသည်။