၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် Right-to-work policy (အလုပ်လုပ်ကိုင်ခွင့်မူဝါဒ) စတင်သက်ရောက်ခဲ့ပြီးနောက်ပိုင်း မိမိကိုယ်ကိုယ် အားကိုးရပ်တည်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အနေဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ဒုက္ခသည်စခန်းများမှ ထွက်ခွာကြသူ ပိုမိုများပြားလာခဲ့ပါသည်။ သို့သော် မိဘများ အလုပ်အကိုင်အတွက် ရွှေ့ပြောင်းသွားလာမှု တိုးမြင့်လာသည်နှင့်အမျှ စခန်းတွင်း၌ ကျန်ရစ်ခဲ့သော ကလေးငယ်များသည် ဖိအားအသစ်များနှင့် ရင်ဆိုင်နေကြရပါသည်။ TBC ၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားချက်အရ အဆိုပါ ကလေးငယ်များသည် ရန်ပုံငွေ ဖြတ်တောက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ အတားအဆီးများကြားတွင် ပိတ်မိနေပြီး ၎င်းသည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစနစ်များ (Protection systems) ကို ပိုမိုဝန်ပိစေကြောင်း တွေ့ရှိရပါသည်။ မိမိကိုယ်ကိုယ် အားကိုးရပ်တည်နိုင်ရေး ကူးပြောင်းမှုလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် ၎င်းတို့အနေဖြင့် ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်နေပါသည်။ ၎င်းအစီရင်ခံစာကို ယခုအခါ ဝင်ရောက်ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။