ပြည်တွင်းနေရပ်စွန့်ခွာမှု စောင့်ကြည့်လေ့လာရေးစင်တာ (Internal Displacement Monitoring Centre – IDMC) သည် The Border Consortium (TBC) နှင့် ပူးပေါင်း၍ “BEFORE YOU WERE BORN, YOUR MOTHER RAN” – မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ နေရပ်စွန့်ခွာမှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှု (Displacement and disillusion in south-east Myanmar) အမည်ရှိ စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။
ဤစာတမ်းတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာမှု၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှုနှင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းလမ်းများ (durable solutions) အကြား ဆက်နွယ်မှုကို လေ့လာဆန်းစစ်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သည့် သုတေသန၏ တွေ့ရှိချက်များကို ဖော်ပြထားပါသည်။
TBC မှ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs)၊ နေရပ်ပြန်လာသည့် ဒုက္ခသည်များနှင့် ဒုက္ခသည်များအား တွေ့ဆုံမေးမြန်းမှု ၁၆၃ ကြိမ် ပြုလုပ်၍ ရရှိခဲ့သည့် အချက်အလက်များအပေါ် အခြေခံကာ၊ ယင်းအစီရင်ခံစာတွင် နေရပ်စွန့်ခွာရစေသည့် အကြောင်းရင်းများ၊ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် ဦးစားပေးလိုအပ်ချက်များနှင့် ကြိုတင်လိုအပ်သည့် အခြေအနေများ၊ ရေရှည်တည်တံ့သော ဖြေရှင်းနည်းလမ်းများ ရရှိနိုင်ရေးအတွက် အဟန့်အတားများနှင့် အခွင့်အလမ်းများကို လေ့လာဆန်းစစ်ထားပါသည်။
အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပြီး ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။