Related Posts

ရွေးကောက်ပွဲများမှ ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ခြင်း

မြောက်ဘက်အစွန်ဆုံးရှိ ဒုက္ခသည်စခန်းနှစ်ခုတွင် စခန်းကော်မတီရာထူးများနှင့် Karenni National Refugee Committee (KnRC) ကော်မတီရာထူးများအတွက် ရွေးကောက်ပွဲများကို ဇူလိုင်လအတွင်း အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနှစ်ခုစလုံးတွင် မဲပေးသူဦးရေ အများအပြား ပါဝင်ခဲ့ကြပါသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်နိုင်ဆွိုင် (Ban Nai Soi) နှင့် ဘန်မယ်ဆူရင်း (Ban Mae Surin) ဒုက္ခသည်စခန်းတို့၌ သီးခြားစီ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူများအနက် ဘန်နိုင်ဆွိုင်စခန်း၌ ၉၃ ရာခိုင်နှုန်းနှင့် ဘန်မယ်ဆူရင်းစခန်း၌ ၇၅ ရာခိုင်နှုန်း မဲပေးခဲ့ကြပါသည်။

အသစ်ရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့ဝင် သုံးဦးပါဝင်သော KnRC ကော်မတီတွင် အမျိုးသမီးကိုယ်စားလှယ်တစ်ဦး ပါဝင်ပြီး ဘန်မိုင်နိုင်ဆွိုင် (Ban Mai Nai Soi) စခန်းကော်မတီသစ်၏ အဖွဲ့ဝင် လေးဦးအနက်တွင်လည်း အမျိုးသမီးကိုယ်စားလှယ်တစ်ဦး ပါဝင်ပါသည်။

TBC ၏ လူထုစီမံခန့်ခွဲမှုနှင့် ကြိုတင်ပြင်ဆင်ရေးအစီအစဉ် (Community Management and Preparedness Programme) သည် စခန်းခေါင်းဆောင်များကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ စခန်းတစ်ခုချင်းစီတွင် ရွေးကောက်ပွဲများကို သုံးနှစ်တစ်ကြိမ် ကျင်းပပါသည်။

၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် စခန်းခေါင်းဆောင်မှုရာထူးများ၏ ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးများက တာဝန်ယူထားပြီး စခန်းတစ်ခုချင်းစီရှိ တိုင်းရင်းသားလူနည်းစု အသိုင်းအဝိုင်းများသည် ရပ်ကွက်အဆင့် ခေါင်းဆောင်မှုရာထူးများတွင် ၁၃ ရာခိုင်နှုန်း ကိုယ်စားပြုပါဝင်ခဲ့ပါသည်။

Scroll to Top