ရွှေ့ပြောင်းနေထိုင်သူများ၏ အသံများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ ဒုက္ခသည် သောင်းချီသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဝေးလံသောဒေသများတွင် နေထိုင်လျက်ရှိပါသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားဝင် အသိအမှတ်ပြု အခြေအနေမရှိသဖြင့် ထိုင်းအာဏာပိုင်များက စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးခြင်းနှင့် နေရပ်ပြန်ပို့ခြင်းတို့၏ အန္တရာယ်ကို ရင်ဆိုင်နေရပါသည်။ဝင်ရောက်ခွင့်နှင့် ကာကွယ်ရေးဆိုင်ရာ အခက်အခဲများကြောင့် ယင်းအုပ်စုသည် မီဒီယာများတွင် အလွန်နည်းပါးစွာသာ ဖော်ပြခံရပြီး ၎င်းတို့ ကြုံတွေ့နေရသော စိန်ခေါ်မှုများအပေါ် သတင်းဖော်ပြမှုမှာ မရှိသလောက် နည်းပါးနေခဲ့သည်မှာ ယခုအချိန်အထိဖြစ်ပါသည်။

မကြာသေးမီက TBC သည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အရှည် ၇၀၀ ကီလိုမီတာကျော်အတွင်းရှိ မိသားစုအိမ်ထောင်စု ၃၅ ခုကျော်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ ထိုမိသားစုများ ရင်ဆိုင်နေရသော အခက်အခဲများကို အသေးစိတ် ဖော်ပြထားသည့် အကျဉ်းချုပ် အစီရင်ခံစာ (briefing paper) တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ထိုအစီရင်ခံစာတွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်တိုင် အားထုတ် ရုန်းကန်ရမှုနှင့် အခက်အခဲများကြားမှ တည်တံ့ရပ်တည်နိုင်မှု (resilience) ကိုလည်း အရေးပါစွာ ထင်ဟပ်ဖော်ပြထားပါသည်။ ၎င်းတို့၏ နောက်ခံအခြေအနေများနှင့် ဘဝအတွေ့အကြုံများသည် မတူကွဲပြားနိုင်သော်လည်း အားလုံးသည် တူညီသော ကန့်သတ်ခံထားရသည့် အနာဂတ်အခွင့်အလမ်းများကို မျှဝေခံစားနေကြပြီး ၎င်းတို့၏ အသံအားလုံးသည် ဖော်ပြကြားနာခွင့်ရှိရပါမည်။

ဤအစီရင်ခံစာသည် ၎င်းတို့၏ အတွေ့အကြုံများကို မီးမှောင်းထိူးပြပြီး မီဒီယာများတွင် နည်းပါးစွာသာ ဖော်ပြခံရနေသော်လည်း မေ့လျော့ခံအုပ်စုမဖြစ်စေရန် အထောက်အကူပြုပါသည်။ထိုအစီရင်ခံစာတွင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ခွဲခြမ်းသုံးသပ်ထားခြင်း၊ ၎င်းတို့၏ ဘဝအတွေ့အကြုံများအပေါ် အကြောင်းအရာအလိုက် အသေးစိတ် ခွဲခြမ်းသုံးသပ်မှုများ ပါဝင်သည့်အပြင် ဒုက္ခသည်များ၏ တိုက်ရိုက် သက်သေခံပြောကြားချက်များကိုလည်း ရွေးချယ် ထည့်သွင်းဖော်ပြထားပါသည်။

ဤအစီရင်ခံစာသည် နယ်စပ်ဒေသရှိ ဒုက္ခသည်များအတွက် နေထိုင်မှုအခြေအနေများ၏ မတည်ငြိမ်မှုနှင့် မသေချာမှုများကိုလည်း ထပ်မံ သတိပေးထားပါသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ TBC သည် ဤလူမှုအသိုင်းအဝိုင်းများအား အထောက်အပံ့များ ပေးအပ်လာခဲ့သော်လည်း ယခုအခါ ငွေကြေးထောက်ပံ့မှု လျော့နည်းလာခြင်းနှင့် ပိုမို ကြုံတွေ့နေရပါသည်။
အရေးပေါ် အစားအစာနှင့် အမိုးအကာ ထောက်ပံ့ပေးနိုင်ရန် လစဉ် ကုန်ကျစရိတ်မှာ ဘတ် ၇ သန်းခန့် (အမေရိကန် ဒေါ်လာ ၁၉၀,၀၀၀ ခန့်) ရှိပြီး ခြောက်လအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ဘတ် ၉၀ သန်းခန့် (အမေရိကန် ဒေါ်လာ ၂,၅၀၀,၀၀၀ ခန့်) ရှိပါသည်။

ထို ဒုက္ခသည် များအားအရေးပေါ် ကူညီထောက်ပံ့ပေးရေးတွင် ပါ၀င်ရန်စိတ်၀င်စားပါက ကျွန်ုပ်တို့ TBC ကို ဆက်သွယ်နိုင်ပါသည်။

ရီပို့ကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

VG8gZG93bmxvYWQgdGhlIHJlcG9ydCA8YSBocmVmPSJodHRwczovL3d3dy50aGVib3JkZXJjb25zb3J0aXVtLm9yZy93cC1jb250ZW50L3VwbG9hZHMvMjAyNC8wNS92b2ljZS1vZi1kaXNwbGFjZWQtMjAyNF8xMjA1MjQucGRmIiBkb3dubG9hZD5wbGVhc2UgY2xpY2sgaGVyZS48L2E+ICA=

Scroll to Top