နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူများသည် ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့ကြပြီး ၎င်းတို့၏ ရှင်သန်ရပ်တည်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုသာ မှီခိုခဲ့ကြရပါသည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲလျက်ရှိပြီး ပြင်ပအကူအညီများအပေါ် ဆက်လက်မှီခိုနေခြင်းမှာ ရေရှည်တည်တံ့သော ဖြေရှင်းချက်တစ်ခု မဟုတ်တော့ပါ။ လတ်တလော ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ (အထူးသဖြင့် အမေရိကန်နိုင်ငံ၏ ပြည်ပအကူအညီပေးရေးဆိုင်ရာ ပြန်လည်သုံးသပ်ချက်အပြီး မရေရာမှုများ) နှင့်အတူ TBC အနေဖြင့် ဒုက္ခသည်ခေါင်းဆောင်များ၊ အဓိကမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒုက္ခသည်များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝရပ်တည်မှုနှင့် ထိုင်းလူ့အဖွဲ့အစည်းအတွက် အကျိုးပြုပါဝင်နိုင်စေမည့် အနှစ်သာရရှိသော မူဝါဒအပြောင်းအလဲများ ပေါ်ပေါက်လာစေရန် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ထုတ်ပြန်ချက်အပြည့်အစုံကို ပူးတွဲပါဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။
