အများပြည်သူသို့ ထုတ်ပြန်ချက် – ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချခြင်း

ရန်ပုံငွေလိုအပ်ချက်ကြောင့် TBC အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ဒုက္ခသည်မိသားစုများ၏ ၈၀ ရာခိုင်နှုန်းကျော်အပေါ် သက်ရောက်မှုရှိစေမည့် စားနပ်ရိက္ခာကတ် (Food Card) ထောက်ပံ့မှုများကို လျှော့ချသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အလိုအပ်ဆုံးသူများကို ဦးစားပေးကူညီဆောင်ရွက်နေပြီး ရန်ပုံငွေအသစ်များရရှိရန် အရေးပေါ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ TBC သည် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများအား ကူညီပံ့ပိုးရန်နှင့် ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရေးအတွက် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုကဲ့သို့ ခက်ခဲသောအချိန်အတောအတွင်း သင်တို့၏ ကြံ့ခိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါသည်။

 

Scroll to Top