TBC အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအေဂျင်စီ (၄၂) ခုတို့သည် မြန်မာစစ်တပ်မှ အရပ်သားများအပေါ် သေစေနိုင်သော အကြမ်းဖက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ INGO Forum အနေဖြင့် ယခုအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများအပေါ် အထူးစိုးရိမ်ပူပန်မိပြီး၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များအနေဖြင့် အရပ်သားများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ သတင်းထောက်များနှင့် မီဒီယာသမားများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းအချက်အလက် စီးဆင်းခွင့်တို့အပါအဝင် မြန်မာပြည်သူအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် ထပ်လောင်းတောင်းဆိုအပ်ပါသည်။
ထုတ်ပြန်ချက်အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အာဏာသိမ်းမှုနှင့် ပတ်သက်သော ယခင် INGO Forum ၏ ထုတ်ပြန်ချက်ကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
