၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခါတွင် TBC သည် မြန်မာနိုင်ငံရှိ သတ္တိရှိသော အမျိုးသမီးများနှင့် အတူ ရပ်တည်လျက်ရှိပါသည်။ ၎င်းတို့အနက်တွင် နိုင်ငံအတွင်းတွင် ရွှေ့ပြောင်းနေထိုင်နေရသူများနှင့် ထိုင်း–မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများလည်း ပါဝင်ပါသည်။ ပဋိပက္ခများနှင့် စနစ်တကျဖြစ်ပေါ်နေသော ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရသော်လည်း အမျိုးသမီးများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားလျက်ရှိပါသည်။ Karen Women’s Organization ကဲ့သို့သော အဖွဲ့အစည်းများ၏ ၅၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုအားပေးလျက် ၎င်းတို့၏ အရေးပါသော အထောက်အကူပြုမှုများကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်နေရသော အမျိုးသမီးများကို ဆက်လက် ပံ့ပိုးကူညီရန်နှင့် ၎င်းတို့၏ အသံများကို ပိုမို ထင်ရှားစေရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုပါသည်။ အသေးစိတ် ထုတ်ပြန်ချက်အပြည့်အစုံကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

 

Scroll to Top