Related Posts

TBC ၏ အမှုဆောင်ဒါရိုက်တာဟောင်း ဗြိတိသျှအင်ပါယာ၏ အရာရှိအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ (OBE) ချီးမြှင့်ခံရခြင်း

အောက်တိုဘာလ ၃ ရက်နေ့တွင်၊ The Border Consortium (TBC) ၏ အမှုဆောင်ဒါရိုက်တာဟောင်း Sally Thompson သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုလုပ်ငန်းများတွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့မှုအတွက် ဗြိတိသျှဘုရင်မင်းမြတ် King Charles III ထံမှ ဗြိတိသျှအင်ပါယာ၏ အရာရှိအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ (OBE) ချီးမြှင့်ခြင်းခံရခြင်းကို ကျွန်ုပ်တို့ အထူးဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။

Sally Thompson သည် ဆယ်စုနှစ် သုံးခုကျော်တိုင်အောင် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူများအား အကူအညီများပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ယခုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော ဘွဲ့တံဆိပ်ကို လက်ခံရရှိရာတွင် ဆယ်လီက “ဤလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမှာ အကူအညီများပေးအပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများစွာ၏ မပင်ပန်းနိုင်သော ကြိုးပမ်းအားထုတ်မှုများနှင့် ပံ့ပိုးကူညီမှုများမပါဘဲ မဖြစ်နိုင်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။”
“ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးနေသူများ နေ့စဉ်ရင်ဆိုင်နေရသော ဘေးအန္တရာယ်များကိုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ ဆယ်လီက ‘မြန်မာစစ်အုပ်စု၏ မကြုံစဖူး ပြင်းထန်လှသော ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများအောက်တွင် မိမိတို့၏ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများအား ကူညီပံ့ပိုးပေးနိုင်ရန် အရာအားလုံးကို စွန့်လွှတ်စွန့်စား၍ လုပ်ဆောင်နေကြသော TBC ဝန်ထမ်းများနှင့် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းအားလုံးကိုယ်စား ဤဘွဲ့တံဆိပ်ကို ဂုဏ်ယူစွာဖြင့် လက်ခံရယူခြင်းဖြစ်ပါသည်’ ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် ဒုက္ခသည်များအပေါ်ထားရှိသော Sally Thompson ၏ မယိုင်မလဲသော ကတိကဝတ်ပြုမှုနှင့် အခက်အခဲများကြားမှ အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းနေကြသူအားလုံး၏ စုပေါင်းကြံ့ခိုင်မှုကို သက်သေထူလိုက်ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဆယ်လီနှင့်အတူ သူမနှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသည့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများစွာအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားအပ်ပါသည်။

Scroll to Top