၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အကောင်အထည်ဖော်မည့် TBC ၏ မဟာဗျူဟာမြောက် စီမံကိန်းကို မြန်မာ၊ စကောကရင်၊ ထိုင်း နှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် တင်ပြအပ်ပါသည်။ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် လုပ်ငန်းစဉ်များအရ TBC ၏ မျှော်မှန်းချက် (Vision)၊ လုပ်ငန်းရည်မှန်းချက် (Mission)၊ အဓိကတန်ဖိုးထားမှုများ (Core Values) နှင့် အခြေခံမူဝါဒများ (Principles) သည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိကြောင်း ထပ်လောင်းအတည်ပြုနိုင်ခဲ့ပါသည်။ ပတ်ဝန်းကျင်အခြေအနေကို ဆန်းစစ်လေ့လာချက်များအရ နယ်စပ်နှစ်ဖက်စလုံးရှိ ပဋိပက္ခဒဏ်သင့်သူများနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများ၏ လူသားလုံုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို အသိအမှတ်ပြုထားပါသည်။ ထိုအခြေအနေများကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် TBC သည် အောက်ဖော်ပြပါ မဟာဗျူဟာမြောက် ဦးတည်ချက် (၄) ရပ်ကို အကောင်အထည်ဖော်ရန် ကတိပြုထားပါသည်။
- လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ရန်
- ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များကို အားဖြည့်ရန်
- ဘေးကင်းလုံခြုံသော အနာဂတ်နှင့် အကာအကွယ်ပေးမှုများကို မြှင့်တင်ရန်
- ဒေသန္တရအုပ်ချုပ်မှု ကဏ္ဍကို မြှင့်တင်အားကောင်းစေရန်
ယခုကဲ့သို့ အရေးကြီးသော အချိန်အခါတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို လျှော့ချနိုင်ရေး၊ မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးပေးရေးနှင့် လူထုအခြေပြု စီမံကိန်းများကို အားကောင်းလာစေရေးတို့အတွက် ကျွန်ုပ်တို့၏ ကွန်ရက်များ၊ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီကြပါရန် TBC က တိုက်တွန်းနှိုးဆော်အပ်ပါသည်။
