Related Posts

Bae Reh, Ban Mai Nai Soi

အသက် ၄၇ နှစ်အရွယ် ဘဲရယ် (Bae Reh) သည် မြေမြှုပ်မိုင်း မတော်တဆမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကိုယ်အင်္ဂါမသန်စွမ်းမှုဖြင့် နေထိုင်လျက်ရှိပါသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ မကျန်းမာသည့် ဇနီးဖြစ်သူနှင့်အတူ ၁၉၉၆ ခုနှစ်မှစ၍ ဘန်မိုင်နိုင်ဆွိုင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ပါသည်။

Bae Reh ၏ မသန်စွမ်းမှုကြောင့် စခန်းပြင်ပသို့ သွားရောက်၍ ကာယလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိခဲ့ပါသည်။

ဇနီးနှင့် ကလေးနှစ်ဦးကို မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို စိုးရိမ်သဖြင့် ဝင်ငွေရရှိနိုင်မည့် စီးပွားရေးလုပ်ငန်းဆိုင်ရာအစီအစဥ် တွင်ပါ၀င်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (Entrepreneurship Development Training – EDT) ကို တက်ရောက်ခဲ့ပြီးနောက် TBC မှ ပံ့ပိုးပေးသည့် လုပ်ငန်းစတင်ရန် ထောက်ပံ့ငွေဖြင့် မုန့်နှင့်စားသောက်ကုန်ဆိုင်ငယ်တစ်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

ယခုအခါ ၎င်းသည် ဆိုင်လုပ်ငန်းဖြင့် အလုပ်များလျက်ရှိပြီး TBC ၏ ပံ့ပိုးကူညီမှုအတွက်လည်း အထူးကျေးဇူးတင်လျက်ရှိပါသည်။ သို့သော် စိန်ခေါ်မှုအသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ လုပ်ငန်းစတင်ပြီးနောက် မိသားစု၏ သတ်မှတ်အဆင့်သည် “ထိခိုက်လွယ်မှု အမြင့်မားဆုံး (most vulnerable)” အဆင့်မှ “ထိခိုက်လွယ်သော (vulnerable)” အဆင့်သို့ ပြောင်းလဲသွားခဲ့ပါသည်။ ထို့ကြောင့် လျှော့နည်းစွာရရှိလာသည့် ရိက္ခာနှင့် ဆိုင်ငယ်မှ ရရှိသည့် ဝင်ငွေတို့ဖြင့် ကျန်းမာရေးမကောင်းသည့် ဇနီးနှင့် ကလေးနှစ်ဦးကို ထောက်ပံ့စောင့်ရှောက်ရန် အခက်အခဲရှိနေကြောင်း Bae Reh က ပြောကြားပါသည်။

Scroll to Top