1. Conflict, Political Developments, and Human Rights
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများ စတင်ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းနှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ အရပ်သားပြည်သူ အနည်းဆုံး ၈,၁၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၁,၂၀၀ ကျော်မှာ နိုင်ငံရေးအကြောင်းပြချက်များဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။[1]
နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃.၅ သန်းကျော်သည် ပြည်တွင်း၌ နေရပ်စွန့်ခွာခဲ့ရပြီး ၎င်းတို့အနက် ခန့်မှန်းခြေ ၁.၅ သန်းမှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ရှိနေပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ဆန်းစစ်သတ်မှတ်ထားပါသည်။
ဤကိန်းဂဏန်းအချက်အလက်များသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အစီရင်ခံသည့်ကာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပြောင်းလဲတိုးတက်မှုများကို နားလည်သုံးသပ်နိုင်ရန် နောက်ခံအခြေအနေအနေဖြင့်ဖော်ပြပေးပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများ စတင်ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းနှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ အရပ်သားပြည်သူ အနည်းဆုံး ၈,၁၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၁,၂၀၀ ကျော်မှာ နိုင်ငံရေးအကြောင်းပြချက်များဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။[1]
နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃.၅ သန်းကျော်သည် ပြည်တွင်း၌ နေရပ်စွန့်ခွာခဲ့ရပြီး ၎င်းတို့အနက် ခန့်မှန်းခြေ ၁.၅ သန်းမှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ရှိနေပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ဆန်းစစ်သတ်မှတ်ထားပါသည်။
ဤကိန်းဂဏန်းအချက်အလက်များသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အစီရင်ခံသည့်ကာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပြောင်းလဲတိုးတက်မှုများကို နားလည်သုံးသပ်နိုင်ရန် နောက်ခံအခြေအနေအနေဖြင့်ဖော်ပြပေးပါသည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တစ်လျှောက်လုံးတွင် မြန်မာ့တပ်မတော် (Myanmar Armed Forces – MAF) သည် ဒေသအများအပြား၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေအချို့တွင် စစ်တပ်က နယ်မြေအနည်းငယ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ယင်းအခြေအနေကို စစ်ရေးအရ ပိုမိုကျယ်ပြန့်သော အခြေအနေများနှင့် နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်ပါသည်။ အကြောင်းမှာ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာ့တပ်မတော်သည် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကြောင့် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ရသောကြောင့် ဖြစ်ပါသည်။
ပဋိပက္ခကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပိုမိုပြင်းထန်စွာ၊ ပစ်မှတ်ခွဲခြားမှုမရှိဘဲ အသုံးပြုလာခဲ့ပြီး ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများလည်း ထပ်ခါတလဲလဲ တိုက်ခိုက်ခံခဲ့ရပါသည်။ အဆိုပါတိုက်ခိုက်မှုများသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ရှင်းလင်းစွာ ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုများအဖြစ်လည်း သတ်မှတ်နိုင်ဖွယ်ရှိပါသည်။
ယင်းတိုက်ခိုက်မှုများ၏ သဘောသဘာဝအရ အရပ်သားပြည်သူများ ထိခိုက်နစ်နာမှုသည် စစ်ဆင်ရေးများ၏ မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်တစ်ခုထက် အရပ်သားပြည်သူများကို ဖိအားပေးအကျပ်ကိုင်ရန် ရည်ရွယ်ချက်ရှိရှိ အသုံးချသည့် စစ်ရေးမဟာဗျူဟာတစ်ရပ်၏ အစိတ်အပိုင်းဖြစ်နေကြောင်း တွေ့မြင်ရပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အထွေထွေရွေးကောက်ပွဲကို အဆင့်သုံးဆင့်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကန့်ကွက်ခဲ့ကြပါသည်။ ရွေးကောက်ပွဲအတွင်း မဲမသမာမှုများနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများ ရှိခဲ့ကြောင်း ယုံကြည်စိတ်ချရသော စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည့် အခြေအနေတွင် စစ်တပ်နှင့် နီးစပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (Union Solidarity and Development Party – USDP) က လွှတ်တော်အမတ်နေရာ အများဆုံး ရရှိခဲ့ပါသည်။
ရွေးကောက်ပွဲကာလအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရှိရပြီး မဲပေးမှုများ ပြုလုပ်နေသည့်ကာလနှင့် တစ်ပြိုင်နက် လေကြောင်းတိုက်ခိုက်မှု အများအပြားလည်း ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးအတွက် ထူးခြားသိသာသော အထောက်အကူပြုမှု မရှိခဲ့ပါ။
ရွေးကောက်ပွဲအပြီးတွင် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများအား သမ္မတရာထူး ထမ်းဆောင်ခွင့်မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့ပါသည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ ပြည်ထောင်စုအစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါသည်။စစ်အာဏာပိုင်များက ယင်းအပြောင်းအလဲကို အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ကူးပြောင်းခြင်းနှင့် စစ်တပ်ဦးဆောင်သည့် အုပ်ချုပ်ရေးကာလ အဆုံးသတ်ခြင်းအဖြစ် ဖော်ပြခဲ့ကြပါသည်။
သို့သော် ယင်းဖော်ပြချက်အပေါ် အလေးအနက် မေးခွန်းထုတ်စရာများ ရှိနေပါသည်။ အကြောင်းမှာ အဆိုပါ အာဏာလွှဲပြောင်းမှုသည် ချို့ယွင်းချက်များစွာရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်မှတစ်ဆင့် စီစဉ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေတွင် ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် အုပ်ချုပ်ရေးသစ်ကို ဦးဆောင်သူမှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကာလတစ်လျှောက်လုံး တပ်မတော်ကို ကွပ်ကဲဦးဆောင်ခဲ့သူပင် ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရသစ်သည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် အဆိုပြုခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ ဆွေးနွေးပွဲများတွင် ပြန်လည်ပါဝင်လာရန် ရက်ပေါင်း ၁၀၀ သတ်မှတ်ကာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့သော် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပယ်ချခဲ့ကြပါသည်။ NCA တွင် လက်မှတ်ရေးထိုးထားသည့် အဓိကအဖွဲ့အစည်းများအနက် တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) က NCA မူဘောင်အောက်တွင် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မည်မဟုတ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယင်းရပ်တည်ချက်သည် စစ်အာဏာပိုင်များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ် စိတ်ရင်းမှန်ဖြင့် ဆောင်ရွက်လိုသည့် ဆန္ဒရှိမှုအပေါ် ယုံကြည်မှု ကျယ်ကျယ်ပြန့်ပြန့် လျော့နည်းလာနေခြင်းကို ထင်ဟပ်စေပါသည်။ ရွေးကောက်ပွဲကာလအတွင်းနှင့် ရွေးကောက်ပွဲအပြီးတွင်လည်း အရပ်သားပြည်သူများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အဆိုပြုထားသည့် အချိန်ကာလအတွင်း အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ခြေမှာ အလွန်နည်းပါးနေပါသည်။
[1] https://aappb.org/daily-briefing-in-relation-to-the-military-coup-34/
Click the link below to download and read the full Mid-Year Overview 2026 report.