TBC ၏ ၂၀၂၆–၂၀၂၈ မဟာဗျူဟာစီမံကိန်းကို အင်္ဂလိပ်၊ ကရင်၊ ထိုင်း နှင့် မြန်မာဘာသာစကားများဖြင့် ယခုအခါ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။
ငွေကြေးထောက်ပံ့မှု လျော့နည်းလာမှု၊ နေရာပြန်လည်အခြေချနေထိုင်ခွင့် ကန့်သတ်ချက်များ၊ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ထိုင်းနိုင်ငံရှိ မူဝါဒများ ပြောင်းလဲတိုးတက်လာနေသော အခြေအနေများအောက်တွင် ဤမဟာဗျူဟာကို ရေးဆွဲထားပါသည်။ ၎င်းမဟာဗျူဟာသည် The Border Consortium အနေဖြင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှု၊ တာဝန်ယူမှုရှိမှုနှင့် အချိန်နှင့်တပြေးညီ တုံ့ပြန်နိုင်မှုတို့ကို ဆက်လက်ထိန်းသိမ်းသွားမည့် နည်းလမ်းများကို ဖော်ပြထားပါသည်။
ထို့အပြင် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် လူမှုအသိုင်းအဝိုင်း ဦးဆောင်မှုကို ခိုင်မာစေခြင်းနှင့် ဒေသအခြေပြု ဆုံးဖြတ်ချက်ချမှတ်မှုများကို အားကောင်းစေရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကိုလည်း ဖော်ပြထားပါသည်။
.